Auto Change Background Color

Tuesday, July 3, 2012

သိထားသင့်သော ကွန်ပျူတာဆိုင်ရာ အချက်အလက်များ

ကွန်ပျူတာကိုအသုံးပြုသူတိုင်း မိမိတို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့  Processor ကဘာအမျိုးအစားလဲ ၊ Motherboard ကဘာအမျိုးအစားလဲ ၊ Memory ကဘယ်လောက် GB လဲ ၊ Windows ကဘာအမျိုးအစားလဲ ဆိုတာမျိုးကိုသိထားသင့်ပါတယ် ၊ ဘယ်လိုသိနိုင်မလဲဆိုတော့ အောက်မှာပြောပြထားတဲ့အတိုင်းကြည့်လိုက်ပါဗျာ


ပထမဆုံး MyComputer မှာ Right Click ထောက်ပြီး Properties ကိုသွားလိုက်ပါ ၊ Box တခု (အောက်ပါပုံ) ကျလာပါမယ်


နံပါတ် (၁) မှာသိနိုင်တာကတော့ မိမိတို့ အသုံးပြုနေတဲ့ Windows အမျိုးအစားပါ ၊ Windows 7 တင်ထားတယ်ဆိုရင်လည်း Home Basic လား Home Premium လား ၊ Professional လား ၊ Ultimate လား ဆိုတာသိနိုင်ပါတယ် ၊ ကျွန်တော်အသုံးပြုနေတာကတော့ Windows 7 Professional ပါ ။

နံပါတ် (၂) မှာကတော့ Hardware ပိုင်းဖြစ်တဲ့ Processor နဲ့ Memory ကိုဖော်ပြပေးပါတယ် ၊ ကျွန်တော့် precessor ကတော့ Intel(R) Core(TM)i5-2430M အမျိုးအစားပါ ၊ Processor Speed ကတော့ 2.40 GHz ပါ ၊ Processor Speed ဆိုတာ CPU ရဲ့  Performance ပါ ၊ သဘောကတော့ ကျွန်တော်အသုံးပြုနေတဲ့ processor ဟာ အမြင့်ဆုံး 2.40 GHz အတွင်းမှာပဲအသုံးပြုလို့ ရမှာဖြစ်ပါတယ် ၊ 2.40 GHz ထက်ကျော်လွန်အသုံးပြုမယ်ဆိုရင်တော့ processor ဟာအပူချိန်မြင့်တက်လာပြီးပျက်စီးနိုင်ပါတယ် ၊
Installed Memory(RAM) ကတော့ မိမိတို့ ကွန်ပျူတာမှာအသုံးပြုနေတဲ့ Memory ပမာဏကိုဖော်ပြပေးတာပါ ၊
System Type ကတော့ မိမိတို့ အသုံးပြုနေတဲ့ Winodws အမျိုးအစားကိုပြောတာပါ ၊ တင်ထားတဲ့ Windows က 32-Bit ဆိုရင် 32-Bit Operating System ၊ 64-Bit ဆိုရင် 64-Bit Operating System ဆိုပြီး ဖော်ပြပေးမှာဖြစ်ပါတယ် ။

ဒါတွေအားလုံးသိထားတယ်ဆိုရင် တယောက်ယောက်ကများမေးလာခဲ့ရင် လက်ရှိအသုံးပြုနေတဲ့ကွန်ပျုတာက Core i5 , Processor Speed က 2.40 GHz, Memory က 2 GB, Windows က Windows 7 Professional (64-Bit) ပါဆိုပြီးအလွယ်တကူပြောပြနိုင်မှာဖြစ်ပါတယ်

Ditulis Oleh : khaing toe // 1:36 PM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.