Auto Change Background Color

Thursday, July 19, 2012

မြန်မာ Font အဆင်မပြေသူများအတွက်

ကျွန်တော့် Site မှာ Myanmar Zawgyi Fonts ကိုအသုံးပြုထားပါတယ်။ ဖြစ်နိုင်ရင်တော့ Standard ရှိတဲ့ Unicode (Myanmar3) ကို သုံးချင်ပါတယ်။ ဒီ Zawgyi နဲ့ Unicode ပြဿနာကလဲ ဇတ်လမ်းစတည်းက အခုချိန်ထိကို ငြင်းလို့ခုံလို့ ၊ အရှုပ်အရှင်းတွေက အပြီးသေးဘူးထင်တယ်။ ဒါပေမဲ့လူတိုင်းက Zawgyi ဖြစ်နေတယ်။ Gtalk မှာ Chatting ထိုင်တာ ၊ Facebook သုံးတာ ၊ မြန်မာ website တော်တော်များများကို လည်ပတ်ကြည့်မယ်ဆိုလဲ zawgyi ဖြစ်နေတော့ ကျွန်တော်လဲ zawgyi ဖြစ်နေလိုက်ပါတော့တယ်။ 

ဥပမာ - Computer မှာ Zawgyi-One Fonts မရှိခဲ့ဘူးဆိုရင် ကျွန်တော့် Site ကစာတွေကိုဖတ်လို့ မရနိုင်ပါဘူး။ ဂြိုလ်သားစာတွေ ဖြစ်နေပါလိမ့်မယ် :P ။ Zawgyi-One Fonts မရှိသေးသူများအတွက် အဆင်ပြေအောင် ကျွန်တော် Zawgyi Fonts Install လုပ်နည်းကိုဖေါ်ပြပေးလိုက်ပါတယ်။ ဒါကလဲ အကျွမ်းတ၀င် ရှိပြီးသား သူတွေအတွက် ပြဿနာမရှိပေမဲ့ စတင်လေ့လာနေတဲ့ သူတစ်ယောက်အတွက် ကျ အခက်အခဲရှိနိုင်ပါတယ်။ 

ပထမဆုံးအနေနဲ့ အောက်မှာကျွန်တော်ပေးထားတဲ ZawGyi Fonts ကို Download ချလိုက်ပါ။ 32 Bits နဲ့ 64 Bits နှစ်မျိုးထဲက မိမိ Computer OS ပေါ်မူတည်ပြီး အဆင်ပြေတာကို download ဆွဲလိုက်ပါ။

ဇော်ဂျီမြန်မာဖောင့် Download   32 bits
ဇော်ဂျီမြန်မာဖောင့် Download   64 bits


For Zawgyi Fonts 32 bits

32 bits Windows ကိုအသုံးပြုထားတဲ့ user များတွက် အပေါ်က ကျွန်တော်ပေးထားတဲ့ Link ကနေ Download ကို နှိပ်ပြီး Save File ကိုနှိပ်ပါ။
အပေါ်ကပုံအတိုင်း Download လုပ်ပြီးလို့ Mozilla Download Windows ကျလာရင် အဲဒီ file ပေါ်ကို Right Click နှိပ်ပြီး Open Containing Folder ကိုနှိပ်ပါ။၎င်း download file တည်ရှိရာ နေရာကို ရောက်သွားပါမယ်။ 
အဲဒီကမှ ZFK-EG-WC.exe ကို Double Click နှိပ်ပါ။ တစ်ချို့ computer တွေမှာ Windows ရဲ့ User Account Control ကြောင့် yes (or) No Box ကျလာတက်ပါတယ်။ Yes လို့ပြောပေးလိုက်ပါ။ ပြီးရင်တော့ Zawgyi Installation Wizard ကျလာပါလိမ့်မယ်။ အရမ်းလွယ်တဲ့အတွက် ပုံနဲ့ မပြတော့ပါဘူး။ Next , Cancel , Install အဲဒါတွေပဲ ပါတာပါ။ 
Install လုပ်ပြီးသွားရင်တော့ Computer ကို Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာတဲ့အခါ Zawgyi Fonts သုံးလို့ ရသွားပါပြီ။ Computer Taskbar ညာဘက် မှာလဲ zawgyi Keyboard လေး ရောက်လာပါလိမ့်မယ်။ English နဲ့ Myanmar ကို Keyboard က Ctrl+Shift Key ကိုတွဲနှိပ်ပြီး အပြောင်းအလဲလုပ် အသုံးပြုနိုင်ပါတယ်။ 

For Zawgyi Fonts 64 bits 

64 Bits User တွေအတွက်ကတော့ အပေါ်က ကျွန်တော်တင်ပေးထားတဲ့ Link ကနေ Download ချလိုက်ပါ။ ပြီးသွားရင် Download ချထားတဲ့ Folder လေးထဲက 32 bits ကို install လုပ်ပြီးသွားရင် 64 bits Folder ထဲက Install_me ဆိုတဲ့ exe file လေးကို Install လုပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ computer ကို restart ချပေးဖို့ လိုအပ်ခဲ့ရင်လဲ restart ချပေးလိုက်ပါ။ တစ်ချို့ computer တွေကတော့ restart ချစရာ မလိုပါဘူး။

Zawgyi နဲ့ Unicode နှစ်မျိုးလုံး အသုံးပြုချင်သူများအတွက် 

Zawgyi Fonts ကို Install လုပ်ပြီးလို့ မကျေနပ်နိုင်သူများအတွက်ကတော့ မြန်မာနိုင်ငံမှာ online အသုံးပြုတဲ့ မြန်မာ fonts နောက်တစ်မျိုးက Unicode ပါ။ Computer မှာ Zawgyi ရော Unicode ပါ နှစ်မျိုးစလုံး အသုံးပြုထားနိုင်ပါတယ်။ အဲဒါဆို မြန်မာ website တွေကို လည်ပတ်တဲ့အခါ အဆင်ပြေသွားတာပေါ့။ သူတို့ Zawgyi နဲ့ Unicode ဘာပဲ သုံးသုံး အဆင်ပြေသွားတာပေါ့။

Myanmar Unicode Fonts download 

Unicode အသုံးပြုဖို့အတွက် အရင်ဆုံး အပေါ်မှာ ကျွန်တော်တင်ပေးထားတဲ့ Unicode Fonts ကို Download လုပ်လိုက်ပါ။ Download လုပ်ပြီးသွားရင် အထဲက Fonts တွေ အကုန်လုံးကို Install လုပ်ပေးလိုက်ပါ။ fonts Install လုပ်တာကလဲ လွယ်ကူပါတယ်။ မခက်ခဲပါဘူး။
Windows XP အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts တွေကို Copy ယူပြီး Control Panel ထဲက Fonts ထဲကို Paste လုပ်ပေးလိုက်ရင် အဆင်ပြေပါတယ်။

Windows 7 အသုံးပြုတဲ့ User တွေအတွက်ကတော့ Fonts ပေါ်မှာ Right Click နှိပ်ပြီး Install Fonts ကို Click နှိပ်ပေးလိုက်ပါ။ Control Panel ထဲက Font ထဲကို Paste လုပ်ပြီး ထည့်မယ်ဆိုလဲ ရပါတယ်။

Unicode Fonts ကို Install လုပ်ပြီးသွားပြီဆိုရင် Myanmar Unicode နဲ့ အသုံးပြုထားတဲ့ စာတွေကို ဖတ်လို့ ရသွားပါပြီ။ အဲဒါမှ မကျေနပ်သေးဘူး ။ Zawgyi Keyboard လိုမျိုးသုံးပြီး စာရိုက်ချင်သေးတယ်ဆိုရင်တော့ အောက်မှာ ကျွန်တော့်ပေးထားတဲ့ Link ကနေ KeyMagic Software လေးကို Download ဆွဲပြီး Install လုပ်လိုက်ပါ။ အဲဒါဆို၇င်တော့ Unicode keyboard ကိုအသုံးပြုပြီးလဲ စာရိုက်လို့ ရသွားပါပြီ။ 

Myanmar Unicode Keyboard Download 

Zawgyi-One ကို အသုံးပြုမယ်ဆိုရင် ကီးဘုတ်က Ctrl နဲ့ Shift ကိုတွဲနှိပ်ပြီးပြောင်းလဲ အသုံးပြုနိုင်သလို Unicode လက်ကွက်နဲ့ စာရိုက်မယ်ဆိုရင်တော့ ကီးဘုတ်က Ctrl + Shift + Z ကိုနှိပ်ပြီး ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။


အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် ... သူရ

Ditulis Oleh : khaing toe // 7:02 AM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.