ကျွန်တော့်ကို
အစ်ကိုတစ်ယောက်က အဆင်မပြေလို့ဆိုပြီး Mail ပို့ထားပါတယ်။ ခု ကျွန်တော်
ပုံလေးတွေနဲ့ ပြန်ပြီး ရှင်းပြထားပါတယ်။ ခုတစ်လော ကျွန်တော်
နည်းနည်းအားနေပါတယ်။ ဒါကြောင့် ပို့စ်တွေ နည်းနည်းပါးပါး ရေးဖြစ်တာပါ။
အရင်ဆုံး ဒီနေရာလေး ကို သွားလိုက်ပါ။ ပြီးရင် အောက်က ပုံလေး အတိုင်း ပေါ်လာပါမယ်။
အပေါ်ကအတိုင်းပါပဲ။
Create An Account ကို နှိပ်လိုက်ပါ။ ဒါဆို အောက်ကပုံအတိုင်း
ရောက်လာပါမယ်။ အားလုံး ငြိမ်သွားတဲ့အထိ စောင့်ပေးလိုက်ပါ။
အပေါ်က ဟာတွေက
အရင်ကအတိုင်းပါ။ ဒါပေမဲ့ ဖုန်းနံပါတ်မှာ သူက +95 ဆိုပြီး စပေးထားပါမယ်။
အဲအနောက်မှာ ဂဏန်းလေးလုံး ထပ်ထည့်ပေးပါ။ ကျွန်တော်တော့ အဲလိုနဲ့
အဆင်ပြေသွား တာပါ။ အခြား နည်းနဲ့ ရသွားသူရှိရင်လည်း Comment ပေးခဲ့ပေါ့။ (
မြန်မာနိုင်ငံမှာ နေသည့်သူများအတွက်သာ )
ပြီးရင် အောက်က ပုံအတိုင်း အမှန်လေး ခြစ်ပေးခဲ့ပါ။
ပြီးရင် Next Step ကိုနှိပ်လိုက်ပါ။ ဒါဆို အောက်က ပုံအတိုင်း လေး ပေါ်လာပါမယ်။
ဒါက Google+ ထဲရောက်သွားပါပြီ။ ကိုယ်လုပ်စရာရှိတာတွေ လုပ်ပြီး Next Step ကိုလုပ်လိုက်ပါ။ ပြီးရင် အောက်က ပုံအတိုင်း ပေါ်လာပါပြီ။
ဒီလောက်ဆို အားလုံး အဆင်ပြေပြိထင်ပါတယ်။












0 comments:
Post a Comment