Auto Change Background Color

Thursday, July 5, 2012

Windows 8 အကြောင်းတစ်စေ့တစ်စောင်း

ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့ တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8 ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ် Windows Developer Preview ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..

Minimum hardware requirements for Windows Developer Preview
Architecture x86 (32-bit) x86-64 (64-bit)
Processor 1 GHz x86 processor 1 GHz x86-64 processor
Memory (RAM) 1 GB 2 GB
Graphics Card DirectX 9 graphics processor with WDDM driver model 1.0(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space 16 GB of free disk space 20 GB of free disk space

အပေါ်ကတော့ Windows Developer Preview ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..

Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး.. ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်..

နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..

ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက် Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..

ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..

အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..

အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..

ပြီးရင်ဒီကောင်လေးကို Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..

အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့ Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ် ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..

ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..

အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..

ကျွန်တော်တို့ Folder Option ထဲက View ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..

ပြီးရင် ကျွန်တော်တို့ Drive ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..

ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..

အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ..

အောက်ကပုံကတော့ ကျွန်တ်ာတို့ Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..

အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..

ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

Ditulis Oleh : khaing toe // 10:23 AM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.