ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်နေရာလေးတွေကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။ ဘာကြောင့် Windows Update မလုပ်တာလဲ ဆိုတာကို ရှင်းပြမနေတော့ပါဘူး..။ အခုဒီနည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါရင်၊ သူတို့ ဖာသာ Windows တင်ပေးတတ်ပါတယ်..။ (Windows တင်ပေးတဲ့အတွက် သူတို့ကို ဝင်းဒိုးတင်ခ သီးသန့် ပိုက်ဆံထပ်ပေးရပါတယ်..။) အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြပါတယ်..။ နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ်ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Automatically Windows Update အင်တာနက်လိုင်းဖွင့်တာနဲ့ အော်တိုမက်တစ် Update လုပ်မယ်ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးခဲ့ရမှာ ဖြစ်ပါတယ်..။ သူကတော့ ဝင်းဒိုးတင်တဲ့အချိန်မှာ လုပ်ရတာဖြစ်တဲ့အတွက် ပုံနဲ့ပြပေးဖို့ ခက်ပါတယ်..။ ဒါကြောင့် စာပဲရေးပြပေးလိုက်တာပါ..။ အခုလုပ်ရမယ့် အဆင့်တွေကတော့ အောက်ကပုံလေးတွေအတိုင်းပါပဲ..။
ထုံးစံအတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားပေးလိုက်ပါ...
အောက်ကပုံမှာပါတဲ့ အမှန်ခြစ်လေးတွေကို ဖြုတ်ပေးလိုက်ပါ..။
7 နဲ့ 8 နေရာတွေကို ပြောင်းပေးပြီးရင် OK နှိပ်လိုက်ပါ..
ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Control Panel Home ကိုပြန်သွားလိုက်ပါ..။
Action Center ကို ကလစ်ပြီး ဝင်ပါ..
နံပါတ်စဉ်တိုင်း နှိပ်ပေးပါ..။
အောက်ကပုံမှာ မြင်နေရတဲ့ အမှန်ခြစ်များအားလုံး ဖြုတ်ပေးလိုက်ပါ..။
Change Action Center Setting ကနေ သွားပြန်ဝင်ကြည့်ရင်တော့ အောက်ကပုံအတိုင်း မြင်ရမှာပါ..။
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေ..
0 comments:
Post a Comment