Windows 7 အတွက် Activation ဖြစ်စေမယ့် program တစ်ခု တင်ပေးဖို့ပါ။ ကျနော် ဒါတွေ မလုပ်ချင်တော့ဘူးဗျာ … ဒါပေမယ့် တော်တော်များများက အခက်အခဲဖြစ်နေတယ်။ ပတ်ဝန်းကျင်မှာကို လှမ်းလှမ်းတောင်းခံရတာ နေ့တိုင်းလိုလို။ ဒီတော့ ကျနော့်ပတ်ဝန်းကျင်ထက် ဒုက္ခ ရောက်မယ့် နေရာတွေအတွက် ကူညီပါ့မယ်။ မူပိုင်ခွင့် ဘာညာမတိုင်ခင်ထိပေါ့။ :)
အခု တင်ပေးမယ့် ဖိုင်လေးက CW လို့ အတိုကောက် နာမည်ပေးထားတယ်။ version ဘာညာ ပြောမနေမတော့ဘူး။ လက်ရှိ အခြေအနေအထိ ရှိနေသမျှ windows 7 အားလုံးအတွက် 100% အဆင်ပြေတယ်။ အရမ်းလွယ်ပြီး အန္တရာယ်ကင်းတယ်။ ဒီလောက်ဆို ကျနော့်စာဖတ်သူတို့ သဘောပေါက်လောက်ပါပြီ။ အောက်မှာ ဒေါင်းလိုက်ပါ။ တခုနဲ့ အဆင်မပြေရင် နောက်တခုက ယူလို့ရအောင် Download ယူရန်လင့်5ခုတင်ထားပေးပါတယ်။ အသုံးပြုပုံကို ဆက်ပြောပါ့မယ်။
Download ==> Windows 7 Activator …. (CW)
Or Download: Chew-WGA
Or Download: Chew-WGA
Or Download: Chew-WGA
Or Download: Chew-WGA
သူ့ကို ဒေါင်းပြီး winrar နဲ့ ဖြည်လိုက်။ .exe ဖိုင်တစ်ခုထဲ တွေ့လိမ့်မယ်။ run လိုက်ရင် အောက်က ပြထားတဲ့ပုံအတိုင်း ပေါ်လာလိမ့်မယ်။
ပုံမှာ ပြထားတဲ့အတိုင်း APPLY ကို နှိပ်ပေးလိုက်။ သူ့ဘာသာဆက်လုပ်ပြီး restart ချသွားလိမ့်မယ်။ ပြန်တက်လာရင် activate ဖြစ်နေပါပြီ။
အကယ်၍ သူ့ကို သုံးခဲ့ပြီးသား (သို့) အခြား activator တစ်ခု သုံးပြီးသားဆိုရင် အောက်က ပုံမှာ ပြထားတဲ့အတိုင်း APPLY အစား REVERT လို့ ပေါ်နေပါလိမ့်မယ်။
အဲဒါဆိုရင်လည်း REVERT ကိုသာ နှိပ်ပေးလိုက်ပါ။ ရှိပြီးသား activator ကို uninstall လုပ်ပြီး restart ချသွားပါလိမ့်မယ်။ windows ပြန်တက်လာရင် နောက်တစ်ခါ ပြန် run ပြီး APPLY ပြန်နှိပ်ပေးလိုက်ပါ။ Activate ဖြစ်သွားပါလိမ့်မယ်။ (ဒီ software ကို သုံးခဲ့ပြီး တစ်ခုခုကြောင့် activate မဖြစ်တော့ရင်လည်း အခုပြောခဲ့တဲ့အတိုင်း REVERT နှိပ်ပြီး uninstall လုပ်၊ ပြီးရင် APPLY သာ ပြန်လုပ် … Activate ပြန်ဖြစ်ရော)။

0 comments:
Post a Comment