Auto Change Background Color

Monday, November 12, 2012

သီးသန့် သူငယ်ချင်းများ၊ သီးသန့် စာမျက်နှာများ ခွဲထားကြမယ်။


မနက်စောစော အင်တာနက်စသုံးပြီး Facebook ဖွင့်လိုက်တာနဲ့ ကိုယ့် News Feed ထဲမှာ ပို့စ်တွေက မှိုလို ပေါက်အောင် များနေပါတယ်။ မဖတ်ချင်တဲ့ ပို့စ်တွေလည်း ရှိပါတယ်။ ပြီးတော့ စိတ်ဝင်တစားနဲ့ ဖတ်ချင်တဲ့ ပို့စ်တွေကလည်း ရှိနေပါသေးတယ်။ ဒါကြောင့် မလုံ့တလုံ့ အင်တာနက် ကွန်နက်ရှင်နဲ့ ဒီပို့စ်တွေကို အတင်း ဖတ်နေရတာ ဘယ်လောက်များ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်နေကြပြီလဲ။ ဒီလို အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း မရှိတော့ဘူးလို့ မေးရင် ရှိပါတယ်လို့ ပြန်ဖြေလိုက်ပါ့မယ်။
ဒီလိုမျိုး အခက်အခဲတွေကို Facebook ရဲ့ Custom List နဲ့ ဖြေရှင်းနိုင်ပါတယ်။ ပထမဆုံး Facebook List ရဲ့ အကြောင်းကို လေ့လာကြည့်ရအောင်။ Facebook မှာ ပါရှိတဲ့ List ဆိုတာက ကိုယ်က သီးသန့် သူငယ်ချင်းတွေအတွက် ဒါမှမဟုတ် သီးသန့် စာမျက်နှာတွေအတွက် ခွဲခြားထားနိုင်ပြီး Custom News Feed လို့ ပြောရင်လည်း ရပါတယ်။ News Feed ဆိုတာက သတင်းများကို အချိန်နဲ့ တပြေးညီ ဖော်ပြပေးပါတယ်။ ဒါကြောင့် လေ့ကျင့်စရာ ပုံများနဲ့ လေ့လာကြည့်ရအောင်။
Facebook ကို ဖွင့်ပြီးတော့ ဘယ်ဖက် အောက်ဆုံးနားမှာ ရှိတဲ့ INTERESTS ရဲ့ ဘေးနားက MORE ကို ကလစ်နှိပ်လိုက်ပါ။


ဒါဆိုရင် Interests စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။ ပြီးရင် ပေါ်လာတဲ့ စာမျက်နှာထဲက Interests ရဲ့ ညာဖက်ဘေးက Create List ဆိုတာကို ကလစ်နှိပ်ပါ။ ဒါက Custom List တစ်ခု လုပ်ဖို့အတွက် အစပျိုးခြင်း ဖြစ်ပါတယ်။


Create List ကို ကလစ်နှိပ်လိုက်တာနဲ့ Create New List ဆိုတဲ့ Pop up တစ်ခု တက်လာပါလိမ့်မယ်။ ဒီ Create New List ထဲမှာ အမျိုးအစား သုံးခု ရှိပါတယ်။ အဲဒါတွေကတော့ Pages, Subscriptions နဲ့ Friends ဆိုပြီး ရှိပါတယ်။ ပထမဆုံး တစ်ခုဖြစ်တဲ့ Pages ကတော့ ကိုယ် Like လုပ်ထားတဲ့ Page များ ဖြစ်ပြီး Subscriptions ဆိုတာကတော့ ကိုယ် Subscribe လုပ်ထားတဲ့ သူများ ဖြစ်ပါတယ်။ ဒါက ဘာကိုပြောတာလဲ ဆိုတော့ Facebook ပေါ်မှာ သူငယ်ချင်း (၅၀၀၀) ၀န်းကျင်လောက် ရှိနေတဲ့ သူများကို Add friend လုပ်လို့ မရပါဘူး။ Add friend အစား Subscribe ပဲ လုပ်လို့ ရပါတယ်။ အဲဒီသူကို Subscribe လုပ်ထားခြင်းနဲ့ သူ့ဆီက သတင်းများကို News feed မှာ မြင်တွေ့ နိုင်ပါတယ်။ နောက်ဆုံး တစ်ခု ဖြစ်တဲ့ Friends ဆိုတာကတော့ ကိုယ် အကောင့်ထဲက သူငယ်ချင်းများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က Pages ထဲက 7Day News Journal ကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါတယ်။ ပြီးတော့ Subscriptions ထဲက တစ်ယောက်ကို ရွေးလိုက်ပါတယ်။ ပြီးတော့ Friends ထဲကလည်း သူငယ်ချင်း တစ်ယောက်ကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါတယ်။ ဒါဆိုရင် ကျွန်တော် ရွေးထားတာက သုံးခု ဖြစ်တာကြောင့် Selected (3) ဆိုပြီး တွေ့ရပါလိမ့်မယ်။ ပြီးရင် စိတ်ကြိုက် ရွေးပြိး သွားတဲ့ အခါ အောက်နားက Next ဆိုတာလေးကို ကလစ်နှိပ်လိုက်ပါ။




အားလုံး ရွေးပြီး သွားပြီးဆိုတော့ ကျွန်တော်တို့က ဒီ List အတွက် နာမည်ပေးရပါတော့မယ်။ ဒါကြောင့် ကိုယ် နှစ်သက်ရာ နာမည် တစ်ခု ခု ထည့်ပေးပါ။ List Name ပေးပြီးသွားရင်တော့ သူ့အောက်က Who can see this list ဆိုတာလေးကို တစ်ချက် ကြည့်ရအောင်။ ဒီထဲမှာ Public, Friends, Only Me ဆိုပြီး ရှိပါတယ်။ ဒါက ဘာကို ပြောချင်တာလဲ ဆိုတော့ ကိုယ် လုပ်ထားတဲ့ List ကို တခြား သူတွေ မြင်စေချင်လား မမြင်စေချင်ဘူးလားဆိုတာကို သတ်မှတ်ပေးခြင်းပါ။ ဒါကြောင့် ကိုယ်က ကိုယ့် List ကို သူငယ်ချင်းတွေပဲ မြင်စေချင်တာလား။ ဒါမှမဟုတ် တခြားသူတွေ မမြင်အောင် Only Me ပဲ ထားမလား။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ မျှဝေချင်တယ်ဆိုရင်တော့ Friends ပေါ။ အဲဒီလိုမှ မဟုတ်ပဲ Facebook ပေါ်မှာ အားလုံး ကြည့်စေချင်တယ်ဆိုရင်တော့ Public လုပ်ထားရပါလိမ့်မယ်။ ဒီလို လုပ်ထားတာက တခြား သူတွေအနေနဲ့ ကိုယ့် List ကို Subscribe လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ ပြီးရင်တော့ Done ဆိုတာကို ကလစ်နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ List လုပ်တာ ပြီးသွားပါပြီ။ ဒီလို List လုပ်ခြင်းကို တခြား နည်းနဲ့လည်း လုပ်လို့ ရပါတယ်။ အဲဒါကတော့ Page ကနေ လုပ်မလား။ ဒါမှမဟုတ် Friend တစ်ယောက်ယောက်ဆီက လုပ်မလား ဆိုတာပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်က Page တစ်ခုကနေ List လုပ်ပုံ လုပ်နည်းကို လုပ်ပြပေးသွားပါမယ်။ ကျွန်တော် လုပ်ပြမယ့် Page ကတော့ မြန်မာ ပြည်မှာ အပတ်စဉ် ထုတ်နေတဲ့ Techspace Journal ရဲ့ Facebook Page ကနေ လုပ်ပြသွားပါမယ်။ ဒါကြောင့် Page address ဖြစ်တဲ့ www.facebook.com/techspaceJournal ဆိုတာကို သွားလိုက်ပါတယ်။ ပြီးရင် ကျွန်တော်က ဒီ စာမျက်နှာကို Like လုပ်ထားတာကြောင့် ( Like လုပ်မထားရသေးရင် Like အရင် လုပ်ရပါမယ်။) အဲဒီ Liked ဆိုတာလေးပေါ် Mouse Pointer လေးကို တင်လိုက်ပါတယ်။ ဒါဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း ကျလာပါလိမ့်မယ်။ Get Notifications, Show in News Feed, Add to Interest Lists… နဲ့ Unlike ဆိုပြီး ရှိပါလိမ့်မယ်။ Get Notifications ဆိုတာက ဒီ Page မှာ တစ်ခု ခု ပို့စ် တင်တဲ့ အချိန်မှာ ကိုယ့် အကောင့်ဆီကို အကြောင်း ကြားတာပါ။ အရေးမကြီး ဘူးဆိုရင်တော့ အမှန်ခြစ် မဟုတ်ပါနဲ့။ စိတ်ရှုပ်စရာ ကောင်ါးပတယ်။ နောက်တစ်ခု ဖြစ်တဲ့ Show in News Feed ဆိုတာကတော့ ဒီစာမျက်နှာရဲ့ လုပ်ဆောင်မူများကို ကိုယ့် News Feed ထဲ ရောက်လာပါလိမ့်မယ်။ ကျွန်တော့်ကတော့ List တစ်ခုထဲ ထည့်တော့မယ် ဆိုရင် ဒီအချက်ကို အမှန်ခြစ် ဖြုတ်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် News Feed ထဲမှာ ထပ်ပြီး မတွေ့ချင်တာကြောင့်ပါ။ တကယ်လို့ အမှန်ခြစ် ဖြုတ်ချင်တယ်ဆိုရင် အဲဒီ Show in News Feed ဆိုတာကို ကလစ်နှိပ်လိုက်ရင် အမှန်ခြစ် ပျောက်သွားပါလိမ့်မယ်။ အမှန်ခြစ် ချင်တယ်ဆိုရင် ကလစ်တစ်ချက် ပြန်နှိပ်လိုက်ပါ။ Unlike ဆိုတာကတော့ ဒီစာမျက်နှာကို Like လုပ်ထားတာကို ပြန်ဖြုတ်ခြင်းပါပဲ။ ခု ကျွန်တော်တို့က List လုပ်ချင်တာကြောင့် Add to Interest Lists…ဆိုတာလေးကို ကလစ်နှိပ်လိုက်ပါမယ်။ ဒါက Page တစ်ခုကနေ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ Friend ဆီက List လုပ်ချင်တယ်ဆိုရင် အဲဒီ သူငယ်ချင်းရဲ့ Facebook စာမျက်နှာဆီ သွားပြီးတော့ Friend အပေါ်မှာ Mouse Pointer တင်လိုက်ရင် ဒီလို ပုံစံမျိုး ကျလာပါလိမ့်မယ်။ ဒါက သူနဲ့ ကိုယ်က Friend ဖြစ်နေရပါမယ်။ နောက်တစ်ခုက Subscribe လုပ်ထားတဲ့ သူဆီက List လုပ်ချင်တယ်ဆိုရင်တော့ သူ့အကောင့်ဆီကို သွားပြီးတော့ Subscribed အပေါ်မှာ Mouse Pointer တင်ပေးလိုက်ရင်လည်း ရပါတယ်။


ကျွန်တော်တို့က Add to Interest Lists… လုပ်ထားတာကြောင့် ပေါ်လာမှာက Go Back ဆိုတာနဲ့ ကိုယ့် List တွေရယ် ပြီးတော့ New List ဆိုပြီး ရှိပါလိမ့်မယ်။ New List ဆိုတာရဲ့ အပေါ်ကတော့ ကိုယ့် လုပ်ထားတဲ့ List များကို မြင်တွေ့ ရပါလိမ့်မယ်။ အပေါ်မှာ ကျွန်တော်က Custom List ဆိုပြီး လုပ်ထားတာကြောင့် Custom List ကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ကိုယ့်မှာ List အများကြီး ရှိနေတယ်ဆိုရင် အဲဒီ List အားလုံးကို ဒီနေရာမှာ မြင်ရပါလိမ့်မယ်။ ကျွန်တော်က List အသစ်တစ်ခု လုပ်ချင်တာကြောင့် New List ကို ကလစ်နှိပ်လိုက်ပါတယ်။ တကယ်လို့ List အသစ် မလုပ်ချင်လို့ ရှိပြီးသား List ထဲမှာ ထည့်ချင်တယ်ဆိုရင်တော့ အဲဒီ List ပေါ်မှာ ကလစ်နှိပ်လိုက်တာနဲ့ သူ့ဘေးမှာ အမှန်ခြစ် ပြပေးပါလိမ့်မယ်။ ဒါဆိုရင် အဲဒီ List ထဲ ထည့်ပြီးသွားပါပြီ။


ဒါဆိုရင်တော့ အထက်မှာ ပြောထားတဲ့ အတိုင်း Create New List ဆိုပြိး Pop up တစ်ခု ကျလာပါလိမ့်မယ်။ ဒီ Pop up ထဲမှာ ထပ်ပြီးတော့ Pages ထဲကနေ ဖြစ်စေ၊ Subscriptions ထဲကနေ ဖြစ်စေ၊ Friends ထဲကနေ ဖြစ်စေ ထပ်ပေါင်း ထည့်နိုင်ပါတယ်။ ပြီးရင် Next ကို ကလစ်နှိပ်လိုက်ပါ။


ပြီးရင် List Name ထဲမှာ နာမည် တစ်ခု ခု ပေးလိုက်ပါ။ ကျွန်တော့်ကတော့ မြန်မာ နည်းပညာ သတင်းများဆိုပြီး ထည့်လိုက်ပါတယ်။ ပြီးရင်တော့ Done ဆိုတာကို နှိပ်လိုက်ပါ။


ဒါဆိုရင်တော့ ဒီ List စာမျက်နှာ ကျလာပါလိမ့်မယ်။ ဒီ List ထဲမှာ ကိုယ့် ထည့်ထားတဲ့ Page တွေ Friend တွေ Subscription တွေက သတင်းများကို မြင်ရပါလိမ့်မယ်။ ကျွန်တော်က ဒီ List မှာ TechSpace Jounal ကို ထည့်သွင်းထားတာကြောင့် သူ့ သတင်းတွေကို မြင်တွေ့ ရပါတယ်။


ကျွန်တော်တို့ လုပ်ထားတဲ့ List တွေကို Facebook ရဲ့ INTERESTS အောက်မှာ မြင်တွေ့ရပါလိမ့်မယ်။ ခုဆို ကျွန်တော်က Custom List နဲ့ မြန်မာ နည်းပညာ သတင်းများ ဆိုပြီး လုပ်ထားတာကြောင့် အောက်က ပုံမှာ နှစ်ခု လုံး တွေ့ရပါလိမ့်မယ်။ နောင်တွင် ကိုယ်က ဒီ List များကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီ List များကို ကလစ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။


နောက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ဒီ List တွေထဲမှာ ထပ်ပြီး ထည့်နိုင်ပါတယ်။ ဥပမာ အနေနဲ့ Internet Journal ရဲ့ Facebook Page ကို ထည့်သွင်းပြပါမယ်။ ဒါကြောင့် သူ့ Facebook Page ကို သွားပြီးတော့ Liked ပေါ်မှာ Mouse Pointer တင်လိုက်ပါတယ်။ ပြီးတော့ ကျလာတဲ့ အထဲက Add to Interest Lists…ဆိုတာကို ရွေးပြီးတော့ မြန်မာ နည်းပညာ သတင်းများ  ဆိုတဲ့ List အပေါ်မှာ ကလစ်နှိပ်ပြီး အမှန်ခြစ်လိုက်ပါတယ်။ ဒါကတော့ ကိုယ် နှစ်သက်ရာ List ပေါ်မှာ ထည့်သွင်းထားနိုင်ပါတယ်။



ကျွန်တော်တို့ အနေနဲ့ ကိုယ့် လုပ်ထားတဲ့ List ကို Share လုပ်နိုင်ပါတယ်။ ကိုယ့် Timeline ပေါ်မှာ Share မလား။ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ Timeline ပေါ်မှာ Share မလား။ Share လုပ်တာက လွယ်တာကြောင်း မပြောတော့ပါဘူး။ ပြီးတော့ Manage List ကို  ၀င်ပြီးတော့ ပြင်ဆင်နိုင်ပါသေးတယ်။ နာမည် ပြောင်းမလား။ ဖျက်ပစ်မလား စသဖြင့်ပေါ့လေ။


ပြီးတော့လည်း ဒီ List ထဲမှာ ပါဝင်တဲ့ Page တွေ၊ Friend တွေကို ဖယ်ရှားလို့ ရပါတယ်။ ဖယ်ရှားချင်တယ်ဆိုရင် အဲဒီ သူရဲ့ ပို့စ် ညာဖက်ဘေးကို သွားလိုက်ရင် Down arrow လေး ပြပေးပါလိမ့်မယ်။ အဲဒီ Down Arrow လေးကို ကလစ်နှိပ်လိုက်ပြီးတော့ Remove (Name) from list ဆိုတာလေးကို ကလစ်နှိပ်လိုက်ရင် အဲဒီ Page or Friend ကကကို ဖယ်ပစ်ပါလိမ့်မယ်။


နောက်ဆုံး ကိုယ်က ဒီ List ကို ရှယ်ယာလိုက်မယ်ဆိုရင် တခြား သူငယ်ချင်းတွေအနေနဲ့ Subscribe လုပ်နိုင်ပါတယ်။ အောက်မှာ ပြထားတဲ့ အတိုင်း List ကို Subscribe လုပ်လိုက်တာနဲ့ ကိုယ့် INTERESTS အောက်မှာ ဒီ List က ၀င်သွားပါလိမ့်မယ်။


ဒီ နည်းလမ်းလေးကတော့ ကိုယ့် News Feed ထဲမှာ များနေလို့ သီးခြား ကြည့်ချင်တယ်ဆိုရင် သုံလို့ ကောင်းတဲ့ နည်းလမ်းလေးပါ။ ကိုယ့်မှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ ပြီးတော့ Like လုပ်ထားတဲ့ Page တွေကလည်း များတယ်ဆိုရင် ဒီနည်းလမ်းလေးက အသုံးဝင်ပါလိမ့်မယ်။ ဥပမာ ကိုယ်က စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်တယ်ဆိုရင် ကိုယ်နဲ့ တွဲ လုပ်နေတဲ့ သူတွေကို သီးခြား List တစ်ခု လုပ်ထားတာက သူတို့နဲ့ ပက်သက်ပြီး အဆက်အသွယ် မပြတ်တော့ပါဘူး။ နို့မို့ဆို News Feed ထဲမှာ ၀င်ရှာပြီးတော့ ဖတ်နေရရင် စိတ်ညစ်နေပါလိမ့်မယ်။ ပြီးတော့ လေ့လာသူ တစ်ယောက်အတွက်ဆိုရင်လည်း ကိုယ်လေ့လာတဲ့ ဘာသာရပ်အလိုက် သီးခြား ခွဲပြီး ထားနိုင်ပါတယ်။ ကျွန်တော်ဆိုရင် မြန်မာ သတင်းတွေအတွက် သီးသန့် List တစ်ခု၊ နိုင်ငံခြား သတင်းတွေအတွက်ဆိုရင်လည်း သီးသန့် List တစ်ခု၊ ပြီးတော့ ကျွန်တော် လေ့လာတဲ့ ဘာသာရပ်အတွက်ဆိုပြီး သီးသန့် List စသဖြင့် ခွဲထားပါတယ်။ ဒါကြောင့် ကျွန်တော်က အင်တာနက် သုံးဖို့ အချိန် မရရင် အရေးကြီးတဲ့ List လောက်ပဲ ၀င်ကြည့်မိတယ်။ ဒါဆိုရင် အချိန် မကုန်တော့ပါဘူး။
ကဲ..အားလုံးပဲ..နားလည်လောက်ပြီလို့ ထင်ပါတယ်။ အဆင်မပြေရင်လည်း ကော်မန့်ပေးပြီး မေးနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့် အနေနဲ့ မြန်မာ နည်းပညာ သတင်းများ List ကို မြန်မာ ဘာသာနဲ့ ရေးထားတဲ့ Facebook Page အတော်များများ ထည့်သွင်းထားပါတယ်။ ဒါကြောင့် အလွယ်တကူ ဖတ်ချင်တယ်ဆိုရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး ညာဖက်ဘေးနားက Subscribe ကို ကလစ်နှိပ်ပြီး နေ့စဉ် ဖတ်နိုင်ပါကြောင်း…။

https://www.facebook.com/lists/304158893031328 (မြန်မာ နည်းပညာ သတင်းများ List)

Ditulis Oleh : khaing toe // 11:26 AM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.