Auto Change Background Color

Tuesday, November 13, 2012

CPU ရဲ့ အမြန်နှုန်း အကြောင်း



CPU ၏ လုပ်ဆောင်နိုင်စွမ်းကို ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို အဓိကထားပြီး ဆုံးဖြတ်ရပါမည်။
1. Clock Speed 2. Core Number 2. Cache Memory 3. FSB(or)QPI 4. CPU Architecture 5. CPU Design

1. Clock Speed နဲ့ တိုင်းတာမယ်ဆိုရင် နောက်ပိုင်း GHz နဲ့ တိုင်းကြတာများပါတယ်။ ဒါကတော့ ရှင်းပါတယ် GHz များလေ မြန်လေပဲပေါ့။

2. Core Number ကို တိတိကျကျ သိချင်ရင်တော့ CPUz လိုမျိုး ဆော့ဝဲမျိုးနဲ့ ကြည့်နိုင်ပါတယ်။ Task Manager နဲ့လဲ ကြည့်လို့ ရပါတယ်။ ဒါပေမယ့် Task Manager က Core အစစ်လား။ HyperThreading လား ဆိုတာခွဲမပြနိုင်ပါဘူး။ HyperThread ဆိုတာ Visual Core သဘောမျိုးပါပဲ။ HyperThread တွေက တကယ့် Core အစစ်ရဲ့ 30% အထိသာ အလုပ်ဆောင်နိုင်ပါတယ်။

3. Cache Memory ကို CPU ရဲ့ မျက်နှာပြင်ပေါ်မှာ ရေးထားပါတယ်။ ပုံမှန်အားဖြင့် LGA 775 တွေဆိုရင် L2 Cache ရဲ့ Size ကို ပြပြီးတော့ Core I series တွေဆိုရင်တော့ L3 cache Size ကိုပြပါတယ်။ တိတိကျကျသိချင်ရင် CPUzကို သုံးနိုင်ပါတယ်။ L2 နဲ့ L3 ရဲ့ အများဆုံး Cache Size ကတော့ 12MBပါ။

4. FSB(or)QPI သူက CPU နဲ့ RAM ကြားက SPEED ကို ပြောတာပါ။ FSB က တော့ LGA 775,1366 အထိသုံးခဲ့တာပါ။ QPI ကတော့ Iseries CPU တွေမှာ စသုံးခဲ့ပြီး QPI value ကြည့်ဖို့ ခက်ပါတယ်။ ပြီးတော့ QPI က CPU ရဲ့ Clock Speed ပေါ်မှုတည်ပြီး ပြောင်းသွားပါတယ်။ FSB ရဲ့ အများဆုံး Speed ကတော့ 1600 MHz ပါ။ QPI ရဲ့ အများဆုံး Speed ကတော့ 25.6 Gbs ပါ။ မှတ်ချက်။ ။ 25.6 Gbs=(1600Mhz x 2)

5. CPU Architecture
CPU ရဲ့ Architecture ကတော့ 16 bit CPU, 32 bit CPU, 64 bit CPU ဆိုပြီးခွဲတာပါ။ Dual Core က စပြီး 64 bit CPU တွေ ဖြစ်ပြီး 64 bit OPERATION SYSTEM ကိုတင်နိုင်ပါတယ်။

6. CPU Design
CPU ရဲ့ Design မှာ အဓိကပြောရရင် CPU chip တည်ဆောက်ပုံပါ။ သူ့ကို NanoMeter(nm) နဲ့တိုင်းပါတယ်။ နောက်ပိုင်း CPU တွေကတော့ 45nm, 32nm, 22nm ဆိုပြီးရှိပါတယ်။ သူက Size နည်းလျှင် ပိုကောင်းပြီး အပူသက်သာစေပါတယ်။ ဘက်ထရီစားလဲသက်သာပါတယ်။ ဒါကြောင့် nm နဲလေကောင်းလေပါ။

Ditulis Oleh : khaing toe // 12:23 AM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.