အင်တာနက်အသုံးပြုဖို့အတွက် ရှိသမျှ Browser တွေထဲမှာကျနော်ကတော့ Firefox Browser
ကို အကြိုက်ဆုံးပါပဲ .. ဒါပေမဲ့ဗျာ... မကြိုက်တာ တစ်ခုကတော့ သူ့ကိုဖွင့်ရင် တော်တော်နဲ့
Browser ကတက်မလာဘူး... ၃/၄ မိနစ် လောက်ထိကြာတဲ့ အခါမျိုးတောင်ရှိပါတယ်...တခါ
တလေဆိုရင် Firefox က ပွင့်ကိုမလာတော့လို့ တခြား Browser တွေကို မသုံးချင်ပဲ လှည့်ပတ်
သုံးရပါတယ်...။
ဒါနဲ့ .....နည်းလမ်းဆိုတာ ရှိကိုရှိရမယ် ဆိုပြီး ပတ်မွှေလိုက်တော့... .. တွေ့ပြီဗျာ... နာမည်က
Firefox Preloader တဲ့စမ်းသုံးကြည့်လိုက်တော့ တကယ့် အမှန်အကန်ပါပဲ တစ်စက္ကန့် တောင်
မကြာဘူး တစက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ လောက်ပဲကြာတယ် ...Firefox ကို သုံးရတာ ခုမှ ဘဲ စိတ်
ချမ်းသာတော့တယ်ဗျာ....:)
သူငယ်ချင်းတို့လည်း Firefox Browser ကို ဖွင့်လိုက်လို့ တော်တော်နဲ့ တက်မလာပဲ ဂျစ်ကန်
ကန် လုပ်နေရင် ဒီ Firefox Preloader လေးနဲ့ ခတ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်ပါ...:D
Firefox Preloader ကို ဒေါင်းယူပြီး Run ပေးလိုက်ရင် အပေါ်ကပုံလေးထဲကလို Taskbar
မှာ ရောက်လာပါလိမ့်မယ်.. အဲ့ဒီရောက်လာတဲ့ Firefox Logo လေးကို Double Click လိုက်
မယ်ဆိုရင် Firefox Browser ဟာ တစ်စက္ကန့် ရဲ့ ၁၀ ပုံ ၁ ပုံ ဆိုတဲ့ အချိန်လေးမှာ ဖျက်ခနဲ ပွင့်
လာမှာပါ...:)
(ကျနော့လို မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်နော်)
0 comments:
Post a Comment