Auto Change Background Color

Thursday, July 19, 2012

Download လုပ်နည်းများ

အွန်လိုင်းမှာ site တွေကို လည်ပတ်ကြည့်ရှုသွားလာနေရတာကို ပျှော်မွှေ့တဲ့လူတွေရှိသလို ၊ တနေ့တနေ့ Chatting နဲ့ အချိန်ဖြုန်းနေတဲ့လူတွေ ၊ အလုပ်ကိစ္စနဲ့ ရှုပ်နေတဲ့လူတွေ စသည်ဖြင့် အများကြီးရှိပါတယ်။ အဖြူရောင်လူတွေ ရှိသလို အညိုရောင် ၊ အမဲရောင်လူတွေလဲ ရှိပါတယ်။ အဲဒီထဲကမှ ရဲရဲတောက်ပြချင်တဲ့ လူတွေကလဲ ရှိသေးတယ်ဗျ ။ ကျွန်တော်ကတော့ အွန်လိုင်းမှာ မွှေနှောက်နေရတာကို နှစ်သက်တယ်။ လိုအပ်တာလေးတွေ ရှာတယ်။ လိုချင်တာတွေ့ရင် Download ဆွဲတယ်။ ကျွန်တော် အင်တာနက် စသုံးတက်တော့ ပထမဆုံး အခက်တွေ့တာက download မဆွဲတက်တဲ့ ပြဿနာပါပဲ။ E-Book လေး တစ်ခုကြိုက်လို့ လိုချင်တယ် ။ ဘယ်လို download ဆွဲလို့ ဆွဲရမှန်းလဲ မသိ့။ တော်တော်ကို တိုင်ပတ်ခဲ့တာပါ။ အခုလဲ ကျွန်တော်လို တိုင်ပတ်ခဲ့ဖူးတဲ့ လူတွေ အများကြီးရှိနေခဲ့ဦးမှာ အမှန်ပဲ။
အဲဒီအတွက် အခုမှ နည်းပညာကို စလေ့လာတဲ့သူတွေအတွက် တစ်ဖတ်တလမ်းကနေ အထောက် အကူပြုနိုင်မယ်ထင်လို့ ဒီ အကြောင်းအရာလေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။
ခေါင်းစဉ်ကို Download လုပ်နည်းများလို့ ရေးထားပေမဲ့ ။ download လုပ်နည်းတွေကို စုံအောင်ရေးဖို့ဆိုတာလဲ ကျွန်တော့်တွက် မဖြစ်နိုင်ပြန်ဘူး။ Internet မှာ uploading share sites တွေကလဲ မရေမတွက်နိုင်အောင်များပြား လွန်းနေတာက တစ်ကြောင်း၊ ကျွန်တော် ကိုယ်တိုင် စုံအောင် လိုက်မရေးနိုင်တာက တစ်ကြောင်းပေါ့။ အဲဒီအတွက် လူအသုံးအများဆုံးဖြစ်နေတဲ့ ၊ နောက်တစ်ချက် မြန်မာ နည်းပညာ Site တွေတော်တော်များများ အသုံးပြုကြတဲ့ uploading site တွေကို ကျွန်တော်လိုက်လေ့လာပြီး အတက်နိုင်ဆုံး အဆင်ပြေအောင် ရေးထားပေးပါတယ်။ 
How to Download From Mediafire

www.mediafire.com ဆိုတဲ့ upload site ကနေ ထင်ထားတဲ့ File တွေကို Download ဆွဲချင်ရင် အောက်ပါအတိုင်းပါ။

 Step (1) ပထမဆုံးအနေနဲ့ မိမိ download ဆွဲလိုတဲ့ mediafire link ကိုနှိပ်လိုက်မယ်ဆိုရင် အောက်ပါ ပုံအတိုင်း ပေါ်လာပါမယ်။ 


တစ်ချို့ site တွေက http://adf.ly/ ကိုအသုံးပြုထားတက်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ အောက်ပါပုံအတိုင်း အရင်ကျလာပါလိမ့်မယ်။ အဲဒါဆိုရင် ညာဘက်အပေါ်ထောင့်လေးမှာ Please Wait ဆိုပြီး 5 Seconds စောင့်ခိုင်းပါလိမ့်မယ်။ 5 Seconds ပြည့်ပြီးသွားရင်တော့ SKIP AD ဆိုတဲ့စာလေး ပေါ်လာ ပါမယ်။ အဲဒါကို click နှိပ်ပေးလိုက်ရင် အပေါ်ကပုံလို Mediafire Link ကို ရောက်သွားပါလိမ့်မယ်။
Step (2) Download ဆိုတာကို နှိပ်ပေးလိုက်ပါ။
Step (3) computer မှာ Download Manager Software တစ်ခုခု ကို အသုံးပြုထားခဲ့မယ်ဆိုရင်တော့ သူနဲ့သက်ဆိုင် တဲ့ application box ကျလာပါမယ်။ အဲဒီမှာ download ဆိုတာကို နှိပ်ပေးလိုက်ပါ။
တစ်ကယ်လို့ Application Software တစ်ခုခုကို အသုံးပြုမထားခဲ့ဘူးဆိုရင်တော့ မိမိအသုံးပြုတဲ့ Browser ပေါ်မူတည်ပြီး download box တစ်ခု ကျလာပါလိမ့်မယ်။
How to Download From Ziddu

www.ziddu.com ဆိုတဲ့ upload site ကနေ download ဆွဲချင်တယ်ဆိုရင်တော့ ပထမဆုံး download ဆွဲဖို့ပေးထားတဲ့ link ကိုနှိပ်လိုက်ပါ။ အောက်ပါ ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။
Download ဆိုတာကို နှိပ်လိုက်ပါ။
အပေါ်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Verification Code ကို ထည့်ပြီး Download ဆိုတာကို နှိပ်ပေးလိုက်ပါ။ Downloading windows ကျလာပါလိမ့်မယ်။ 


How to Download Form IFile

Step (1) www.ifile.com       ဆိုတဲ့ upload site ကနေ download ဆွဲမယ်ဆိုရင်တော့ ပထမဆုံး ကိုယ်ဆွဲမဲ့ download link ကိုနှိပ်လိုက်ပါ။ အောက်ပါပုံလေးအတိုင်း Request Download Ticket ဆိုတာကို နှိပ်ပေးလိုက်ပါ။ Wait ဆိုပြီး ခဏ စောင့်ခိုင်းပါလိမ့်မယ်။
 
Step (2) အောက်ပါပုံအတိုင်းပေါ်လာခဲ့ရင်တော့  သူပေးထားတာကို မှန်အောင်ရိုက်ထည့်ပြီး Continue ကိုနှိပ်ပေး လိုက်ပါ။ wait ဆိုပြီး loading လုပ်နေပါလိမ့်မယ်။
 
Step (3) Start Download ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒါကို နှိပ်ပေးလိုက်ပါ။ အဆင်ပြေပါပြီ။ မိမိ အသုံးပြုထားတဲ့ browser (သို့) application software ပေါ်မူတည်ပြီး download windows ကျလာပါလိမ့်မယ်။


How to download form sharebeast

www.sharebeast.com ဆိုတဲ့ upload site ကနေ download ဆွဲချင်တယ်ဆိုရင်တော့ ပထမဆုံး download link ကိုနှိပ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါမယ်။ download ဆိုတာကို နှိပ်ပေးလိုက်ယုံပါပဲ။
How to download from minus
 
www.minus.com ဆိုတဲ့ upload site ကတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ site တစ်ခုပါ။ သူကလဲ လွယ်ပါတယ်။ download link ကို နှိပ်ပေးလိုက်ပါ။ File အမျိုးအစားပေါ်မူတည်ပြီး အပေါ်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ download ဆိုတာကို ရှာပြီး နှိပ်ပေးလိုက်ပါ။
ဒီ Post ကို PDF File နဲ့လိုချင်တယ်။ ပြန် Share ချင်တယ်ဆိုရင်တော့ အောက်မှာ ယူလိုက်ပါ။ Mediafire ကနေပဲ တင်ပေးထားပါတယ်။


အားလုံးပဲ အဆင်ပြေကြပါစေ ... လေးစားစွာဖြင့် သူရ   

Ditulis Oleh : khaing toe // 7:18 AM
Kategori:

4 comments:

  1. ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်လည်းအစ်ကိုလိုပါဘဲ။အစ်ကိုလို ဆရာကျ တာကို တူတယ်လို့ ပြောတာမမှတ်နဲ့ဦး။အစ်ကိုအင်တာနက်စသုံး ကာစက ebook တွေကို download ဆွဲဖို့ အခက်ကြုံ သလိုမျိုးကြုံနေလို့ပါ။ကျွန်တော်က ငွေကြေးလည်းချို့တဲ့တော့ သင်တန်းလည်း ဈေးကြီးပေးပြီး မတတ်နိုင်ဘူး။ စာအုပ်ကျတော.လည်း တစ်အုပ် ၅၀၀၀ လောက်ရှိတော့များများ ၀ယ်မဖတ်နိုင်ပါဘူး။ကျွန်တော်ကလည်း computer ပညာနဲ့ပတ်ရင် အကုန်တတ်ချင်တယ်။ဒါပေမဲ့ ဘာမှမတတ်ဘူးဖြစ်နေတယ်။ အစ်ကိုတိုလိုဆရာတွေကိုပဲ အာကိုးရတောမယ်။တစ်ခုလောက်အကူအညီပေးပါဦး။swpress9@gmail.com ကို အကို အားရင် computer နဲ့ပတ်သတ်တဲ့ ebook လေးတွေ ပိုပေးပါအကို။အစ်ကိုလည်း computer ပညာရပ်များအဆုံးမရှိတိုးတက်ပါစေ။= NYEIN CHAN AUNG#

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်။ SWPRESS9@GMAIL.COM ကို COMPUTER EBOOK လေးတွေပို.ပေးပါ အကို။

    ReplyDelete
    Replies
    1. အကိုအဆင်ပြေမယ်ဆို prince.chaw12@gmail.com ကို computer ebook လေးတွေပို့ပေးလို့ရရင်ပို့ပေးပါအကို ကျေးဇူးတင်ပါတယ်

      Delete
  3. http://www.facebook.com/groups/itpointgroup/files/

    D နေရာလေးမှာ ဒေါင်းနိုင်ပါတယ် အစ်ကို

    ReplyDelete

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.