ဒီ Blue Screen Error ကို လူတော်တော်များများကြုံတွေ့ဖူးပါတယ်။သူက ဖြစ်လေ့ဖြစ်ထရှိတဲ့ Error တစ်မျိုးပါ။ဘာမှမဟုတ်ပါဘူး။ဖြေရှင်းရတာလွယ်ပါတယ်။
ကျနော်ပြောတဲ့အတိုင်း တစ်ဆင့်ခြင်းလုပ်သွားပါ။အစဉ်ပြေသွားပါလိမ့်မယ်။အော် ... ကျနော် က အခု အလုပ်ထဲက သုံးတာဆိုတော့ တချို့ Computer System နဲ့ Settings အပိုင်းတွေမှာ အခက်အခဲနည်းနည်းရှိပါတယ်။အခုသုံးနေတာက Windows XP ပါ။အရင်ကတော့ Window 7 ကို သုံးပါတယ်။ဒီမှာ ကျနော် Windows XP အတွက်ရော Windows 7 အတွက် ပါ ရေးပေးထားပါတယ်။
ဒါပေမယ့် ကျနော်အခုလက်ရှိအလုပ်လုပ်နေတဲ့ဆိုင်မှာက Windows XP တွေဘဲဆိုတော့ ပုံတွေကိုလည်း Windows XP အတွက်ဘဲ ရိုက်ပြီးတင်ပေးထားပါတယ်။Windows 7 အတွက်တော့ အခုလက်ရှိ ကျနော် Windows 7 မသုံးတော့ ရိုက်လို့မရဘူး။ဒါပေမယ့် လွယ်ပါတယ်။ကျနော်ပြောထားတဲ့အတိုင်းလေးသာ တစ်ဆင့်ချင်းသွားပါ။လွယ်ပါတယ်။
အဲ့ဆို ကျနော်တို့ Windows XP အတွက် အရင်စပြီး ဖြေရှင်းလိုက်ရအောင်။

Dasktop ပေါ်မှာရှိတဲ့ My Computer ကိုဘဲဖြစ်ဖြစ် Start Menu က My Computer မှာဘဲဖြစ်ဖြစ် right click ထောက်ပြီး Properties ကိုသွားပါ။
System Properties ဆိုတဲ့ window လေးတစ်ခု ကျလာပါလိမ့်မယ်။
အဲ့ဒီ System Prorpeties window လေးထဲမှာ Advanced ဆိုတဲ့ tab ကို ရွေးပြီး Click လိုက်ပါ။
ထို့နောက် Startup and Recovery ဆိုတဲ့အကြောင်းလေးကို ရှာလိုက်ပါ။အောက်ဆုံးမှာရှိပါတယ်။
အဲ့စာကြောင်းလေးရဲ့ဘေးက settings ဆိုတာလေးကို တွေ့ပါလိမ့်မယ်။အဲ့ဒီ Settings ကို Click လိုက်ပါ။
Startup and Recovery window ကျလာပါလိမ့်မယ်။
အဲ့မှာ uncheck the Automatically restart ဆိုတာလေးကို အမှန်ခြစ်ပေးပြီး OK ကို နှိပ်လိုက်ပါ။

ဒါကတော့ windows 7 အတွက်အတွက်ပါ ။စလုပ်ကြည့်ရအောင် ...
Start Menu ကနေ Control panel ကိုသွားပါ။ပြီးရင် System and Security ဆိုတာလေးထဲကို ဝင်လိုက်ပါ။
ထိုနောက် System ဆိုတာလေးရှိပါတယ်။အဲ့ထဲကို ထပ်ဝင်လိုက်ပါ။အဲ့မှာ Tab လေးမျိုးရှိတယ်။ :D ကျနော် အခုသုံးနေတာ windows XP ဆိုတော့ အဲ့ဒီ Tab လေးခုကို
သိပ်မမှတ်မိဘူးဖြစ်နေတဲ့ဗျ။အပေါ်ဆုံးက Device Manager ပြီးတော့ Remote settings နောက်တစ်ခုက System ဘာလဲမသိဘူး တစ်ခုရှိသေးတယ် ဟီးးး :D.ဒါပေမယ့် သူငယ်ချင်းတို့ဆက်သွားရမှာက အောက်ဆုံးကအကြောင်း ... Advanced system settings ဆိုတဲ့အထဲကို ဆက်သွားရမှာ။ပြီးရင်တော့ windows XP နဲ့တူသွားပြီ။Advanced ဆိုတဲ့ Tab ထဲကို ဝင်ပါ။ပြီရင်တော့ Strart and Recovery ဆိုတဲ့ စာကြောင်းလေး ဘေးမှာရှိတဲ့ settings ကို Click ပြီး Automatically restart ဆိုတဲ့စာကြောင်းရဲ့ ရှေ့ကအကွက်လေးမှာ အမှန်ခြစ်ထားတာလေးကို ဖြုတ်ပြီး OK ကိုနှိပ်လိုက်ပြီ။
ပြီးရင်တော့ Computer ကို Restart ချလိုက်ပါ။အဲ့ဒါဆိုရင်တော့ Blue Screen Error ကို ဖြေရှင်းလို့ပြီးသွားပါပြီ။
Automatic Restart ဖြစ်နေရင်လည်း ဒီနည်းလေးအတိုင်းဖြေရှင်းလို့ရပါတယ်။
အဆင်ပြေရင်လက်ခုပ်သံလေးတွေကြားချင်ပါတယ် :D
0 comments:
Post a Comment