Auto Change Background Color

Sunday, October 28, 2012

Facebook Account ကို ဘယ်လို လုံခြုံစိတ်ချစွာ သုံးမလဲ





                     အခုရက်ပိုင်းအတွင်း Facebook Account တွေ Hack ခံရလို့ဆိုတဲ့သတင်းက

 နေရာတိုင်းမှာကြားနေရပါတယ်။Facebook Account တစ်ခု Hack ခံလိုက်ရပြီဆိုရင် အဲ့ဒီ အကောင့်ပိုင်ရှင် Admin ဖြစ်ထားတဲ့ Group တွေ ပါ တခါတည်း ဆုံးရှုံးရမှာဖြစ်ပါတယ်။များသောအားဖြင့်တော့ Facebook အကောင့်တွေပါရခြင်းက အသုံးပြုသူရဲ့ နည်းပညာလိုက်စားမှုအားနည်းလို့ဘဲ ဖြစ်ပါတယ်။
Hacking ကို စတင်လေ့လာတဲ့ လူငယ်တွေက PHP Phishing , Keylogger 

တို့လောက်သာသုံးကြပါတယ်။

ဒါပေမယ့် အခု လောလောဆယ် အထိများနေတာကတော့ Can't access your account ဆိုတဲ့ နည်းလေးပါ။သူက သူငယ်ချင်းတို့ရဲ့ Facebook Login  Email ကို ယူပြီး လိုက်တာပါ။
တချို့ သူတို့ရဲ့ Timeline တွေက Contact info တွေမှာ ဥပမာ neveracceptoic@gmail.com , getoutoic@gmail.com ,
www.facebook.com/welovemyanmar
 စတဲ့အချက်အလက်တွေကို ယုံကြည်စိတ်ချစွာဘဲ ဖေါ်ပြထားတက်ကြပါတယ်။တကယ်တော့ အဲ့ဒါတွေဖေါ်ပြထားတာဟာ
လုံးဝစိတ်မချရပါဘူး။သူငယ်ချင်းတို့ရဲ့ အကောင့်ကို အလွယ်တကူ ယူသွားနိုင်ပါတယ်။တစ်ယောက်ဆို သူနေတဲ့နေရာကို Timeline မှာyangon,myanmar ဆိုပြီး
ထည့်ထားပြီးတော့ Facebook security question မှာ Where was your mother born? လို့ ပေးထားတယ်။အဲ့လိုမျိုးဆိုရင်တော့ သူရဲ့ Security Question မှာ
Yangon လို့ ရိုက်ထည့်ဖြေလိုက်ရုံနဲ့ Reset Password ကျလာပြီး သင့် Facebook ကို သူများက ယူသွားပြီးပေါ့။သူက ပါသွားပြီဆိုရင် Recovery Email 
ပြောင်းပစ်လိုက်တဲ့အတွက် 24 နာရီအတွင်းသာ ပြန်ကြိုးစားယူခွင့်ရှိပါတယ်။ဒါပေမယ့် မသေချာတော့ဘူးပေါ့။ 45 % လောက်ဘဲ ။ဒါက ဗဟုသုတအဖြစ်ပြောပြတာပါ။
အကောင့်ခိုးဖို့သင်ပေးတာမဟုတ်ပါဘူး။ကျနော့်သူငယ်ချင်းတွေ အကောင့်ကို သူများခိုးလို့မရအောင် ကာကွယ်တက်ဖို့ရေးပေးတာပါ။အဲ့ဒီတော့ ကျနော်စောစောက
ပြောတဲ့ ဟာလေးတွေ @gmail.com တို့ @facebook.com တို့ကိုဖျောက်ဖို့ Facebook စာမျက်နှာ ညာဘက်အပေါ်က Home ရဲ့ဘေးနားက မြှားလေးကို နှိပ်ပြီး
Privacy Steeings ကိုသွားပါ။ပြီးရင် Contact info ဆိုတာလေးကို Edit လုပ်ပေးလိုက်ပါ။Password တောင်းပါတယ်။Password ရိုက်ထည့်ပြီး@gmail.com တို့
@facebook.com တို့ရဲ့ အနောက်မှာရှိတဲ့ မြှားလေးကိုကလစ်ပြီး Custom မှာ Only me လို့ ပြောင်းပေးပါ။ပြီးရင်သူ့ဘေးက မြှားကိုထပ်ကလစ်ပြီး
Hidden from timeline ဆိုတာလေးကို ရွေးပေးပါ။အဲ့ဒါဆိုရင် အတော်အတင့် လုံခြုံမှုရှိသွားပါပြီ။
နောက်တစ်ခု ... ကိုယ့်အကောင့်ကို password သိတာတောင်မှ သူများဖွင့်လို့မရဘူး။အဲ့ဒါကတော့   PHP phishing နဲ့ အဟတ်ခံရတဲ့သူတွေအတွက် အသုံဝင်ပေမယ့်
Keylogger နဲ့ အဟတ်ခံရတဲ့သူအတွက်တော့ ကာကွယ်မပေးနိုင်ပါဘူး။Phishing ဆိုတာ website တစ်ခုရဲ့ Login Page ကို ပုံစံတူအတုပြုလုပ်တာလို့ အလွယ်ပြောရအောင်။
သူက Free Hosting ဆိုဒ်တွေမှာ Domain တစ်ခုယူပြီး ကိုယ်အတုပြုလုပ်ချင်တဲ့ ဆိုဒ်ရဲ့ Source ကို ယူပြီး PHP code တွေနဲ့ စာမျက်နှာအတုပြုလုပ်လိုက်တာပါ။
အဲ့ဒီစာမျက်နှာအတုကို Internet ဆိုင်တွေမှာ Home page အဖြစ် လုပ်ထားခဲ့ပြီးဟတ်မယ်။Link ပို့ပြီး Login ဝင်အောင် စွဲဆောင်ပြီး ဟတ်မယ်။ကိုယ်က အဲ့ဒီ စာမျက်နှာအတုပေါ်မှာ
 Login ဝင်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ User name နဲ့ Password က သူရဲ့ psrds.txt ဆိုတဲ့ file လေးထဲ ဝင်သွားမှာပါ။အဲ့ဒါဆိုသူက ခဗျားရဲ့password ကို သူ သိသွားပြီပေါ့။
Phishing နဲ့ hack ရတာ အရမ်းပျော်ဖို့ကောင်းတယ်။Password လေး ဝင်လာပြီးလား မဝင်သေးဘူးလား သွားသွားကြည့်ရတာ ရင်ခုန်ဖို့ကောင်းတယ်။ဒါပေမယ့် သူမှာအားနည်းချက်ရှိတယ်။
PHP Phishing ရဲ့ အားနည်းချက်ကတော့ LINK ဘဲ။Link ကို သေချာကြည့်ပါ။www.facebook.com ဆိုတာက facebook ရဲ့ Link အမှန်ပါ။Phishing မှာကျတော့ Link လွဲနေပါပြီ။
ဥပမာ www.faoebook.com/bui.com ဆိုတာမျိုးပေါ့။အဲ့ဒါက ထင်ယောင်ထင်မှားဖြစ်စေတဲ့ Link ဆိုပေမယ့် သေချာကြည့်ရင် ဒီ link ဟာ facebookရဲ့ link မဟုတ်ဘူးဆိုတာသိနိုင်ပါတယ်။
အဲ့ဒီတော့ ကာကွယ်ရမယ့်နည်းက အကောင့်မဝင်ခင် Link ကို သေချာစီစစ်ပါ။သူများပေးပို့လာတဲ့လင့်ကို မနှိပ်ခင်မှာ Link ကို သေချာအောင် ဖတ်ကြည့်ပါ။အဲ့ဒါဆိုရင်
သူငယ်ချင်းအတွက် အ၇မ်းအကျိုးရှိစေပါတယ်။Virus တောင် ဝင်မှာမဟုတ်ပါဘူး။နောက်တစ်ခု တကယ်လို့ ကိုယ့်အကောင့်ရဲ့ Password ကို သီသွားရင်တောင် သူ ဖွင့်ဖို့ခဲရင်းမယ့်နည်းလေးရှိပါတယ်။
Hacker က သူငယ်ချင်းတို့ အကောင့်ပတ်စ်ဝါ့ကိုရပြီဆိုတော့  ဟီးဟီးဆိုပြီး ပျော်ပြီး ဝင်လိုက်တာနဲ့ facebook က သူ့ကို တူ ဆိုပြီး မေးခွန်းတစ်ခု မေးသွားပါလိမ့်မယ်။
အဲ့ဒီမေးလ်ခွန်းက သူငယ်ချင်းရဲ့ Device name လေးပါ။ကိုယ်ပိုင်ဖုန်းရှိဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ သူက အကောင့်ဝင်တဲ့အခါ ကိုယ့်ဆီကို ဖုန်း မက်ဆေ့ခ်ျ နဲ့ အီးမေးလ် ပို့မှာဖြစ်လို့ပါ။
တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ့်အကောင့်ကိုဖွင့်ခဲ့တယ်ဆိုရင် ကိုယ့်အကောင့်ကို ဝင်ဖွင့်သွားသူရဲ့ နေရာ နဲ့ IP address ကို Facebook မှာEmail ပို့ ပြီး ပြောမှာဖြစ်ပါတယ်။
အဲ့ဒါဆို ကျနော်တို့ လုပ်ကြည့်ရအောင်။
အရင်ဆုံး Account settings ကို သွားလိုက်ပါ။စောစောက သွားခဲ့တဲ့ Privacy settings လေးရဲ့အပေါ်မှာပါ။ပြီးရင် Security ဆိုတဲ့ Tab လေးထဲကို ဝင်လိုက်ပါ။
အဲ့ဒီမှာ Security Browsing ဆိုတဲ့ အကြောင်းကို Edit လုပ်ပြီး Browse Facebook on a secure connection (https) when possibleဆိုတဲ့စာကြောင်းလေးရှေ့မှာ အမှန်လေး ခြစ်ပေးလိုက်ပါ။
ဒါက လုံးခြုံရေးမြှင့်တဲ့သဘောပါဘဲ။ရှင်းလေရှည်လေ ရှည်လေ ရှုပ်လေဖြစ်ကုန်မှာစိုးလို့ မပြောတော့ဘူး။အရေးကြီးတာလောက်ဘဲရှင်းပြမယ်။နောက်တစ်ခု ....
Login Notification ဆိုတဲ့ အကြောင်းမှာ Edit လုပ်ပေးပြီး Email နဲ့ Text message/Push notification ဆိုတဲ့ နှစ်ခုမှာအမှန်ခြစ်ပေးလိုက်ပါ။ဖုန်းနံဘက်တောင်းပါလိမ့်မယ်။ဖုန်းနံဘက်ကိုဖြည့်ပြီး
Continue ကိုနှိပ်လိုက်ပေါ့။ပြီးရင်တော့ သူငယ်ချင်းတို့ စိတ်ကြိုက် Device name လေးပေးခိုင်းပါလိမ့်မယ်။ကိုယ်တစ်ယောက်ဘဲ သိမယ့်ဟာကိုပေးပါ။ကိုယ်လည်းမှတ်မိမဲ့ဟာပေါ့။နာမည်တို့ ဖုန်းနံဘက်တို့
အိမ်လိပ်စာတို့ ... အီးမေးလ်အကောင့်နာမည်တို့ကတော့ SE ထိုးကောင်းတဲ့လူနဲ့တွေ့ရင် ပါမှာဘဲ။အဖတ်ဖတ်သော Hacking နည်းတွေထဲက တော်တော်များများအတွက် လုံခြုံနေဖို့တော့လိုအပ်တယ်။
အဲ့ဒီတော့ Device name ကို ကိုယ့်လျှို့ဝှက်ချက်တစ်ခုခု ကို ထည့်ပါ။ပြီးရင် တော့ Don't Save ကို နှိပ်ပြီးထွက်ပါဗျာ။။ရေးရင်းနဲ့ဘယ်ရောက်လို့ရောက်မှန်းမသိတော့ဘူး ဟီးး။အဲ့နည်းက PHP Phishing အတွက် ပြီးတော့ SE အတွက် ၊
Can't access your account အတွက် အပြည့်အဝ လုံခြုံမှုပေးတယ်။Keylogger အတွက်တော့ မပေးတော့ဘူး။ကြောက်စရာအကောင်းဆုံးကKeylogger ဘဲ။ဘာလို့လဲဆိုတော့ သူ့ရဲ့လုပ်ဆောင်ချက်က
Keyboard ပေါ်မှာ ကိုယ်ရိုက်လိုက်သမျှစာတွေကို Keyboard က နေပြီး Mother Box ကို တိုက်ရိုက်မရောက်တော့ဘဲ Keylogger က  ကြားကနေပြီး ဖြတ်ယူပြီးမှ တစ်ဆင့် Mother box ဆီကိုပို့တယ် ၊ 
Mother Box မှတစ်ဆင့် Monitor ဆီကို ပို့ပေးတာပါ။တစ်ချို့ဆို Screeshot တောင်ရိုက်ပေးနိုင်ပါတယ်။အဲ့ဒီတော့ သူငယ်ချင်းတို့ အရေးကြီးတဲ့ အချက်အလက်တွေကို အွန်လိုင်းကနေ မပို့တာအကောင်းဆုံးဘဲ ....
Credit Card Number တို့ ဘာတို့လို အရေးကြီးတာတွေပို့မိလို့ Keylogger နဲ့ ညားသွားရင်တော့ ငိုတော့ပေါ့။Keylogger မှာ နှစ်မျိုးရှိတယ်။Software & Hardware ပေါ့။သိပြီးသားပါ။
ကိုင်တွယ်လို့မရတဲ့အရာကို Software ၊ ကိုင်တွယ်ထိတွေ့လို့ရတာကို Hardware ။Hard ware keylogger ကို ဆိုရင် Keyboard ကြိုးနဲ့Mother box ကို သွယ်တဲ့ ကြားမှာ ဂျပ်ပင်လေးတစ်ခုလိုထားပါတယ်။
အခု ဆိုင်တွေမှာ မသုံကြတော့ပါဘူး။လူသိများသွားပါပြီ။Software keylogger ကိုတော့ လူသိနည်းသေးတယ်။တချို့ကလည်း ကိုယ့်ကိုလာပေးတာ အဲ့ဒါ လေးဒေါင်းလိုက်ဆို မသိဘူး ဒေါင်းထားလိုက်တယ်။
အဲ့လိုမျိုးရှိသလို ကိုယ့်ရှေ့မှာ သူက အဲ့ဒီ Keylogger ကို ကိုယ့်စက်မှာ ဒေါင်းထည့်သွားပြီးပြီ။ကိုယ့်ကမသိဘူး။အဲ့မှာ အကောင့်၇ိုက်ထည့်မယ်။အဲ့မှာ အကုန် သူ့ဆီကိုရောက်ကုန်ရော။Device name ပါရောက်တာနော်။
သူငယ်ချင်းတို့ ကီးဘုတ်ပေါ်မှာ ရိုက်သွားသမျှကို သူက သူ့ပိုင်ရှင်ဆီကို စက္ကန့်မလပ်ပို့ပေးနေတာ။အဲ့တော့ ကိုယ်သုံးမယ့်စက်မှာ Keylogger ရှိမရှိ စစ်ဆေးကြည့်ပါ။ပြီးမှ သုံးပါ။
Software keylogger အတွက်တော့ ပိုင်ရှင်က hidden လုပ်ထားတယ်ဆိုရင် ဘယ်လိုမှာ ရှာလို့မရနိုင်ပါဘူး။Hidden မလုပ်ထားရင်တော့ သူ့ကို run နေရာကနေ ရပ်သွားအောင် End လုပ်ပေးလို့ရပါတယ်။
အဲ့ဒါ ဟိုးအရင်က ကျနော်လေ့လာဖူးတယ်။ကြာလည်းကြာနေပြီ သုံးလည်းမသုံးဖြစ်ဘူးဆိုတော့ ကျနော်လည်း မေ့သလောက်ဖြစ်နေတယ်ဗျာ။ကျနော်လည်း လိုက်ရှာကြည့်ပါသေးတယ်။ဒါပေမယ့်မတွေ့တော့ဘူး။ ဘာဘဲဖြစ်ဖြစ် ကျနော် နောက်တစ်နည်းပြောပြပါမယ်။သူကတော့ 95% အထိတော့ သေချာစေပါတယ်။Antivirus နဲ့ Scan ဖတ်လိုက်ပါ။ပြီးရင် Task Manager ကို ခေါ်ပါ။အဲ့မှာ Running services မှာ Keylogger ဆိုတာလေးကိုရှာကြည့်ပါ။(တွေ့ဖို့တော့မလွယ်ပါဘူး၊များသောအားဖြင့်က Hidden လုပ်ထားသလို နာမည်ပြောင်းပြီး ထားတက်ကြလို့ပါ)
တကယ်လို့တွေ့ခဲ့ရင်တော့ကံကောင်းတာပေါ့။အဲ့ဒီ keylogger ဆိုတာလေးကို ကလစ်ပေးပြီး အောက်က End ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။အဲ့ဒါဆိုရင် သူ့ Keylogger ဟာ အလုပ်မလုပ်နိုင်တော့ပါဘူး။
အဲ့ဒါဆို သူငယ်ချင်းတို့ Facebook account ကို လုံးခြုံစွာ စိတ်ချလက်ချသုံးနိုင်ပါပြီ။

Ditulis Oleh : khaing toe // 2:54 AM
Kategori:

0 comments:

Post a Comment

မိမိကြိုက်တာလေးတွေကိုရွေးပြီးဒေါင်းကြ

Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
 
Free Backlinks
Powered by Blogger.